တိုင်းရင်းသားမိဘပြည်သူများနှင့် တော်လှန်တိုက်ပွဲဝင်အင်အားစုများသို့!
>> Sunday, June 29, 2008
တိုင်းရင်းသားမိဘပြည်သူများနှင်
နေ့စွဲ- ၂၀၀၈ခုနှစ် ဇွန်လ ၂၇ရက်နေ့
စစ်အာဏာရှင်စံနစ်တိုက်ဖျက်ရေး တော်လှန်မှုတစ်ရပ်လုပ်ဆောင်နိုင
လုပ်ဆောင်ကြဖို့၊ တိုက်ပွဲဝင်ကြဖို့၊ စစ်အာဏာရှင်စံနစ်ဆိုတာဘာလဲ၊
ဘယ်လိုနားလည်ထားလဲ အနည်းငယ်တင်ပြကြည့်ပါမယ်။ စံနစ်ဆိုတာ
ရှင်းရှင်းလင်းလင်း အကျယ်တပွင့်တင်ပြရရင် ပြည်သူလူထုနားလည်နိုင်တယ်၊
အချို့တင်ပြချက်တွေကြောင့်လဲ ရှုတ်ထွေးသွားနိုင်တယ်၊ ရှင်းပြတာ
နားမလည်ရင် စိတ်ပျက်သွားနိုင်တယ်၊ ဒီတော့အလွယ်ဆုံး ကျနော်တို့အင်အားစုတွေ
နားလည်ထားတဲ့ ဥပမာပေးပြီး၊ လူထုလက်တွေ့ဘ၀နဲ့ အနာဂတ်မျှော်လင့်ချက်ကြား
အနီးစပ်ဆုံးဖြစ်အောင် တင်ပြကြည့်ရမယ်ဆိုရင်- လက်ရှိမြန်မာနိုင်ငံမှာ
နေထိုင်ကြသူတိုင်း ခံစားချက်တွေကို လွတ်လွတ်လပ်လပ်ပြောရင်
ပြဿနာဖြစ်မယ်ဆိုတဲ့ အတွေးဝင်နေကြတယ်၊ ရှင်းရှင်းနေနိုင်ရင်
ချမ်းသာမှုရတယ်၊ ဒီအုပ်ချုပ်သူတွေနဲသွားပြီး မပတ်သက်ရင်
အကောင်းဆုံးဖြစ်တယ်၊ ကိုယ်နှင့်မဆိုင်ရင် ၀င်မပါနဲ၊ ကိုယ့်မိသားစုအရေးထက်
ကျန်တာဘာမှ အရေးမကြီးဘူး၊ လွတ်မြောက်လိုချင်ရင်
နိုင်ငံခြားထွက်နိုင်အောင်ကြို
စွမ်းအားရှင်အဖြစ် ရပ်တည်ရှင်သန်လို့ရတယ်၊ အမှန်ကိုပြောနေတာလား၊
ကိုယ်ပိုင်စဉ်းစားနိုင်တဲ့ အရည်အချင်းတွေ၊ အဓိပ္ပါယ်ဖွင့်ဆိုချက်တွေ၊
နားလည်နိုင်လောက်တဲ့ စွမ်းရည်မဲနေကြပြီ၊ လူထုတစ်ခုလုံး
အနေနဲလုံးဝမသိလို့တော့ မဟုတ်၊ တွန်းလှန်ရင် လက်ရှိ မိမိတို့
ပိုင်ဆိုင်နေတဲ့ ဘ၀ပျက်သွားလိမ့်မယ် စတဲ့အတွေးပိုင်ရှင်တွေ ဖြစ်လာအောင်၊
အကြောက်တရားအောက်မှာ လုပ်သင့်တာ လုပ်ချင်တာ မလုပ်ရဲအောင်၊
တစ်ဦးနှင့်တစ်ဦးယုံကြည်ချက်တေ
မိမိကိုယ်ကိုလဲ ပြည့်ဝတဲ့ယုံကြည်မှု မရှိလာအောင်၊
အသိတရားခေါင်းပါးလာအောင်၊ ကိုယ်ကျင့်တရား ဖောက်ပြန်လာအောင်၊
အမှားများများလုပ်ပြီး ဘ၀ရပ်တည် ရှင်သန်ရဲလာအောင်၊
နည်းအမျိုးမျိုးသုံးပြီး ဖိနှိပ်လိုက်တဲ့ အကြောင်းအရာတွေကို
စစ်အာဏာရှင်စံနစ်ရဲ့ လုပ်ရပ်တွေလို့ ခေါ်ယူလိုရပါတယ်။
(စစ်အာဏာရှင်စံနစ်ဆိုတာ အထက်ပါအခြေအနေတွေ ဖြစ်အောင်ဖန်တီး၊
ဖိနှိပ်အုပ်ချုပ်ထားတဲ့စံနစ်ပါ)
နိုင်ငံရေးစိတ်ဝင်စားတက်ကြွသူမျ
နားမလည်နိုင်တဲ့ လူထုလည်း ရှိနေသေးတယ်၊ နားလည်တဲ့အဆင့်နဲရပ်နေတာကြောင့်
တော်လှန်ရေးမဖြစ်သေးတာပါ၊ မဖြစ်တော့ဘူးလို့ ပြောမရပါဘူး၊
သို့သော်ယောင်လည်လည်ဦးဆောင်မှု လှုပ်ဆော်မှု ဟန်ပြစည်းရုံးရေး၊
ပါတီအနိုင်ရရှိရေး၊ အာဏာတည်ဆောက်ရေး၊ စီမံချက်(ကိန်း) ဆက်လက်ရရှိရေး၊
နှစ်စဉ်အစီရင်ခံစာ တင်ပြသုံးသပ်ရေး၊ နေရာ-ရာထူးတည်မြဲရေး၊
လွမ်းမိုးချယ်လည်ရေး၊ စတဲ့ စိတ်ဓါတ်တွေနဲ တော်လှန်ရေးတစ်ရပ်ဖန်တီးလို့
မရပါဘူး။
ယနေ့တော်လှန်ရမှာက စစ်အာဏာရှင်တို့ဖန်းတီးခဲတဲ့ လုပ်ရပ်၊
တည်ဆောက်ပေးခဲတဲ့ လွဲမှားတဲ့စိတ်ဓါတ်နဲ ဖောက်ပြန်တဲ့
အကျင့်စာရိတ္တတွေကိုဦးစွာတော်လ
ဒါကလူပုဂ္ဂိုလ်တိုက်ခိုက်တော်လှန
ဦးစွာစတင်ပြီး မှန်ကန်အောင် လုပ်ဆောင်ရမှာဖြစ်တယ်၊ တော်လှန်ရေး
တစ်ရပ်ဖန်တီးရမှာဖြစ်တယ်၊ လူထု ၅၅သန်းကျော် အားလုံးပါဝင် လာအောင်
စည်းရုံးသိမ်းသွင်း တည်ဆောက်မှ စစ်အာဏာရှင်
စံနစ်ကိုတွန်းလှန်နိုင်မယ်လို့ ခံယူထားရင် တော့မှားလိမ့်မယ်။
ယနေ့အချိန်အခါ အခြေအနေ၊ လူအင်အား၊ စွမ်းဆောင်ရည်၊ ပါတ်ဝန်းကျင်၊
လက်ခံနိုင်မှု၊ ပါဝင်နိုင်မှု၊ လုပ်ဆောင်သင့်တဲ့ နည်းလမ်းတွေ
အမျိုးမျိုးအကြံ ပေးနေကြသလို၊ နည်းနားပေါင်းများစွာ
လေ့လာရင်းအချိန်ကုန်မနေကြဖို့လ
နိုင်ငံရေး အတိုက်အခံတွေ၊ တော်လှန်ရေးအင်အားစုတွေကြား ဆွေးနွေးတိုင်ပင်
စည်းဝေးဆုံးဖြတ် ချမှတ်တည်ဆောက် ခဲတဲ့လမ်းစဉ်တွေ၊ ခေါင်းဆောင်ကြီးများစွာ
ခေါ်ယူကျင်းပခဲတဲ့ညီလာခံတွေ၊ ရေးဆွဲခဲကြတဲ စီမံကိန်း၊ လှုပ်ရှားမှု၊
လုပ်ငန်းစဉ်တွေ၊ နိုင်ငံတစ်ကာအသိုင်းအ၀န်းမှာ လိုက်လံစည်းရုံး
လှုပ်ဆော်ခဲတဲ့ အလုပ်အဖွဲတွေ၊ ယနေ့ထက်တိုင် ထောက်ပံကူညီ ပန့်ပိုးနေတဲ့
အသင်းအဖွဲပုဂ္ဂိုလ်တွေရှိနေလျက်န
အုပ်ချုပ်နေရတာလဲ။
မြန်မာနိုင်ငံအတွင်းမှာရှိနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေ၊
တက်ကြွစွာလှုပ်ရှားနေသူတွေ၊ ပါတီဝင်တွေ၊ တိုင်းရင်းသား
ခေါင်ဆောင်ကြီးများနဲ မိသားစုဝင်တွေ၊ အလုပ်သမား၊ လယ်သမား၊ လူထုလူတန်းစား
အလွှာအသီးသီးက မိဘပြည်သူတွေ၊ ကျောင်းသူ-သားတွေ၊ အခြေခံ နေစားအလုပ်သမားတွေ၊
တပ်မတော်သားတွေ၊ ကြံဖွတ်၊ စွမ်းအားရှင် အဖွဲ့ဝင်တွေ၊ အစိုးရ၀န်ထမ်းတွေ၊
စီးပွားရေးသမားတွေ၊ ပညာရေးဆိုင်ရာဝန်ထမ်း၊ ဆရာ-ဆရာမတွေ၊
လက်ရှိနိုင်ငံရေးဖြစ်စဉ် ဂဃနဏသိကြလား၊ သိဖို့အခြေအနေပေးလား၊
နိုင်ငံသူ-သားတိုင်း သိရင်ကောင်းတယ်၊ သိတဲ့ပုဂ္ဂိုလ်တွေလဲရှိတယ်၊ မသိဘဲနဲ့
တော်လှန်ရေးထဲ မပါနိုင်ဘူးလား၊ သေချာတာကတော့ တော်လှန်သူ၊ ရဲရင့်သူတွေ၊
ရှိရင် တော်လှန်ရေး ဖြစ်ပါတယ်။
ညီညွတ်ကြ စည်းရုံးကြ တော်လှန်ကြ တိုက်ပွဲဝင်ကြလို့
ပြောခဲ့တဲ့ခေါင်းဆောင်တွေ နအဖ အကျဉ်းစခန်းထဲ ချုပ်နှောင်မှု ခံထားကြရတယ်၊
အဲဒါစုစုပေါင်း ၂၀၀၀ကျော်သော ဆန့်ကျင်ရဲသူတွေသာဖြစ်တယ်၊ ကျန်နေတဲ့
ဒီမိုကရေစီ အင်အားစုတွေ ကတော့ ပေါ့ပါးတဲ့တာဝန်ယူမှုတွေနဲ ကျေနပ်နေကြတယ်၊
ဒါကြောင့် တော်လှန်ရေး မဖြစ်တာဆိုပြီး လက်ခံထားသူတွေ ရှိနေပြီ၊
နယ်စပ်နဲနိုင်ငံတစ်ကာမှာရောက်
ဒီမိုကရေစီရရှိရေး၊ အမျိုးသားရေးလှုပ်ရှားမှု လုပ်ဆောင်နေကြတဲ့
အမည်ခံခေါင်းဆောင်တွေ၊ အမည်ရပုဂ္ဂိုလ်တွေ၊ နည်းနည်းပြန်စဉ်းစားကြည့်ပါလား၊
အကျဉ်းကျနေတဲ့ မျိုးဆက်လူငယ်တွေရဲ ပြတ်သားတဲ့ တိုက်ပွဲဝင်ရဲတဲ့
စိတ်ဓါတ်နဲစွမ်းအား လုပ်ဆောင်နိုင်မှုတွေကိုကြည့်ပြီ
နေယုံတင်မဟုတ်၊ မိမိတို့ကိုယ်တိုင်စွမ်းဆောင်ရည
လူပုဂ္ဂိုလ်တွေဖြစ်လာအောင် ဘာလို့ မလုပ်တာလဲ မတည်ဆောက် ကြတော့ဘူးလား၊
ဒီတော့ပြည်တွင်းမှာရှိတဲ့ လူထုကိုဘာလုပ်လိုက် ညာလုပ်လိုက်လို့ ပြောနေတာ၊
(သို့) ပြည်ပမှာ မှေးနေပြီး၊ အာသာပြေနိုင်ငံ့အရေး လုပ်ပေးနေတာလောက်နဲ၊
နအဖ စစ်အစိုးရမပြုတ်ကျနိုင်ဘူးလို နားလည်ဖို့ အချိန်ရောက်နေပါပြီ။
"စစ်အာဏာရှင်စံနစ်ကိုလူထုအားနဲအ
၈၈မျိုးဆက်ခေါင်းဆောင် ကိုဌေးကြွယ်တို့ ထောင်ထဲရပ်တည်နေခြင်းဟာ
စစ်အာဏာရှင်ပြုတ်ကျရေးနဲအမျိုးသ
လှိုင်းတစ်ခုလို မြစ်တစင်းလို တော်လှန်လာမယ့် လူငယ်တွေရှိနေပါတယ်၊
ကန့်လန့်လုပ်ပြီး စောင့်ဆွဲနေတဲ့ ဟန်ပြနိုင်ငံရေး လုပ်နေသူများ
ရပ်တန်းကရပ်ဖို့ သင့်ပါတယ်။ ယောင်တောင်တောင်ပြောနေကြယုံနဲ
စစ်အာဏာရှင်အမြစ်မပြတ်၊ ပြတ်သားတဲ့လုပ်ဆောင်မှု
လူထုရှေ့ရပ်တည်ဦးဆောင်နိုင်တဲ့ တော်လှန်ရဲသူတွေနဲသာတိုင်းပြည်က
လားရာကောင်းတဲ့ ပြောင်းလဲမှုဆီ သယ်ဆောင်သွားနိုင်မှာဖြစ်တယ်။
ဘယ်လို လူထုပါဝင်လာအောင် ရှင်းပြရမှာလဲ၊
အနာဂတ်မျှော်လင့်ချက်ပျောက်ဆုံး
စစ်အာဏာရှင်စံနစ်အမြစ်ပြတ်တွန်
လက်တွေ့ရလဒ်ကတော့ နိုင်ငံသားတိုင်း
အလုပ်ရရှိမယ်(မိမိစွမ်းရည်၊ပညာ
ဝင်ငွေနဲမျှတတဲ့ ပညာရေး၊ ကျန်းမာရေး စံနစ်ရှိစေရမယ်၊ သက်ကြီးရွယ်အိုများ
ဆင်းရဲနွမ်းပါးသူများအတွက် လူမှုအထောက်အကူပြုစံနစ်ရှိစေရမယ်
လတ်တလော အကျိုးခံစားရမှာကလူထုဖြစ်တယ်၊ (ဘယ်ပါတီဝင်၊
ဘယ်အဖွဲဝင်မှမဟုတ်ပါဘူး) အမုန်းဒေါသဖြစ်နေရတဲ့ လူထု၊
အကြောက်တရားနဲအသက်ရှင်သန်ခဲ့ရတဲ
လူထုဘ၀တွေကနေ လွတ်မြောက်ကြဖို့ တော်လှန်ရေးကို ရက် (၉၀) အတွင်း
အကောင်အထည် ဖော်မှာဖြစ်တယ်။
ပြည်သူလူတစ်ရပ်လုံးပါဝင်တဲ့ စစ်အာဏာရှင် ပြုတ်ကျရေး၊ လွတ်မြောက်ရေး
လှုပ်ရှားမှု ငါတို့အင်အားစုတွေနဲ့အတူ - ရက်၉၀အတွင်း တိုက်ပွဲပြင်ကြ၊
တိုက်ပွဲဝင်ကြ၊ စစ်အာဏာရှင်ပြုတ်ကျသည်အထိ ငါတို့အသက်စွန့် ဘ၀ပေး တော်လှန်
တိုက်ပွဲဝင်သွားမယ်ဆိုတာ ဂတိပြုလိုက်တယ်၊ တိုက်ပွဲဝင်ရန် တော်လှန်ရန်
ဖိတ်ခေါ်လိုက်တယ်။
လူငယ်စုများ၊ ကျောင်းသူ-သားများ၊ တော်လှန်ရေးပုဂ္ဂိုလ်များအတွက်
- အနုနည်း၊ နှလုံးရည်စွမ်းအား၊ အဓိကထားပြီးလုပ်ဆောင်ရမယ်။
- ပြည်သူလူထုကြား တည်တည်ကြည်ကြည် ရဲရဲဝင့်ဝင့် ရပ်တည်ရှင်းလင်းရမယ်။
- လူထုပါဝင်ရမယ့်အနေအထားသေချာ နားလည်သည်အထိ ဆွေးနွေးရမယ်။
- အစိုးရရုံး၊ ရဲဌာန၊ နိုင်ငံပိုင်အဆောက်အဦးတွေက
လူထုအုပ်ချုပ်ရေးဌာနနေတွေဖြစ
- ဘုန်းကြီးကျောင်းတွေက ထောက်ပံရေးဌာနတွေဖြစ်ရမယ်။
- စာသင်ကျောင်း၊ တက္ကသိုလ်၊ အလုပ်ရုံ၊ စက်ရုံတွေက တော်လှန်သူစုရုံးရာဌာနတွေဖြစ
- အမျိုးသမီးထုနှင့်သက်ကြီးရွယ်အိ
- လမ်း၊ တံတားတွေပေါ်မှာ တော်လှန်လူထုကြီး ပြည့်နှက်နေရမယ်။
(ထိပ်တိုက်ရင်ဆိုင်သောနေ့တစ်ရက
- ဖိနှိပ်သူတို့၏ အုပ်ချုပ်ရေးလုပ်ငန်းများ ရပ်တန့်သွားရမယ်။
(ကြေငြာရပ်တန့်သောနေ့ရက်သာ)
- နယ်မြေအုပ်ချုပ်ရေးကော်မတီတွေ မြို့ရွာတိုင်းမှာဖွဲစည်းရမယ်။
- သံဃာတော်တွေရဲ့ စည်းကမ်းထိန်းသိမ်းမှုကို လူထုကလိုက်နာဆောင်ရွက်ရမယ်။
- နိုင်ငံရေးတောင်းဆိုမှုထက် တော်လှန်ရေးအသွင်ဆောင်တဲ့ ဆုံးဖြတ်ချက်ဖြစ်ရမယ်။
- အမျိုးသားရေးဦးဆောင်မှုအသွင်တစ
- ကြားဖြတ်အစိုးရဖွဲစည်းရမယ်။ (တော်လှန်ဦးဆောင်သူ၊ တပ်မတော်ခေါင်းဆောင်၊
တိုင်းရင်းသား၊ ပြည်သူ့ကိုယ်စားလှယ်အချို့ပါဝင
- နိုင်ငံတစ်ကာငြိမ်ချမ်းရေးတပ်တေ
- ဘုရားသား(ရဟန်းသံဃာများ)၊ တပ်မတော်သား(စစ်သားများ)၊
ကျောင်းသား(လူငယ်-ကျောင်းသူ-သာ
စစ်အာဏာရှင်စံနစ် လူထုအားနဲတွန်းလှန်ရမယ်။
- သတ်မှတ်ရက်တစ်ခုပေးချိန်မတိုင်မ
ပြင်စဉ်ပါ၊ နောက်ပိုင်းနိုင်ငံရေး လက်ဦးမှု ရှုတ်ထွေးမှု မဖြစ်ပေါ်စေရန်
ကြိုတင်ဟန့်တားမှု၊ ဆွေးနွေးမှုများ၊ အမိန့်ထုတ်ပြန်ချက်များ
ပြင်စဉ်ထားကြရမယ်။
- လက်ရှိ သဘောတူ ဆွေးနွေးထားပြီးသော အင်အားစုများမှာ -
လူငယ်မျိုးဆက်များ၊ ကျောင်းသူ-သားများ၊ ရဟန်းသံဃာများနှင့်အစိုးရ၀န်ထမ်
ပြည်သူ့ရဲ၊ တပ်မတော်အရာရှိအချို့ဖြစ်တယ်။
- ဆက်သွယ်ရေးတပ်စဉ်ထားပြီး အင်အားစုများမှာ - ရန်ကုန်၊ အထက်မြန်မာပြည်၊
ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်း၊ ထားဝယ်၊ ချင်းပြည်နယ်၊
ပဲခူးတိုင်းတို့ဖြစ်တယ်။
- အဖွဲ့အစည်းများမှာ - မစိုးရိမ်တိုက်၊ အဖွဲချုပ်လူငယ်၊ Generation Wave၊
Justic၊ မြေသြဇာ၊ ဗ.က.သ ၂၀၀၇၊ ဒဂုံတက္ကသိုလ်၊ ကွမ်းခြံကုန်းဘုန်းကြီးထု၊
ကယ်ဆယ်ရေးအင်အားစုများ၊ လူထုကြီးကြပ်ရေး၊ ဗဟန်း- ဗာဂရာ
ဘုန်းကြီးကျောင်းတိုက်၊ တာဝကျောင်းသားများ၊ စုစုပေါင်း ဦးဆောင်အင်အား
(၃၅၀) ခန့်ရှိပြီးဖြစ်တယ်။
- ၀န်းရံအားအဖြစ် ၈၈မျိုးဆက်ဟောင်းတွေ၊ ၇၄မျိုးဆက်ဟောင်းတွေ၊
၆၂မျိုးဆက်ဟောင်းတွေ ရှိနေတယ်။
- ဆက်လက်လုပ်ဆောင်နေခြင်းကိစ္စရပ်မ
လူထုကြားလှုပ်ဆော်ရေး၊ အသိအမြင် နှိုးကြားရေး၊ အမျိုးဂုဏ် ဇာတိဂုဏ်
နားလည်ရေး၊ စိတ်ဓါတ်မြှင့်တင်ရေး၊ တပ်မတော်သားမိသားစုများ ပါဝင်ဆင်နွဲရေး
အဓိကထားဆောင်ရွက်နေတယ်။
- ပြီးမြောက်ဆောင်ရွက်နိုင်မည့်အခ
လူထုအားလုံးပူပေါင်းပါဝင်၍ စစ်အာဏာရှင်စံနစ် အုပ်ချုပ်ရေး
ရပ်တန့်နိုင်သည့်အထိ တဆင့်ခြင်းမြှင့်တင် တိုက်ပွဲဝင်မယ်။
- (ပုန်းခိုခြင်းအချိန်မရှိတော့ပြ
နိုင်ငံသားတိုင်းလိုက်လံတောင်းဆ
- ခေါင်းဆောင်သည် မိမိတို့ကိုယ်တိုင်ဖြစ်နေခြင်းေ
စောင့်ဆိုင်းတော်လှန်ခြင်းမပြုရ
- ပြတ်သားသော လူငယ်ကျောင်းသားများ၊ ရဟန်းသံဃာများ၊ တပ်မတော်သားများ၊
ဦးဆောင်မှုဖြင့် တော်လှန်မယ်။
- ဖြစ်ပေါ်လာသော လူထုကိစ္စ၊ ပြဿနာတိုင်းသည် တော်လှန်ရေး၏
လက်နက်သဖွယ်ဆုတ်ကိုင်နိုင်ရမယ်။
- ခေါင်းဆောင်ဆိုသူများ၏ အမိန့်စောင့်ဆိုင်းရန် မဟုတ်၊ မိမိတို့
ရဲရင့်သူများ ဦးဆောင်သောတိုက်ပွဲ ဖြစ်တယ်။
- ဦးဆောင်တိုက်ပွဲဝင်သူတိုင်း တော်လှန်ရေးဦးဆောင်သူတွေဖြစ်တယ
- တိုင်းပြည်နဲလူမျိုးအတွက် အမျိုးသားရေးတာဝန်တရပ် ရဲရဲဝင့်ဝင့်ထမ်းဆောင်တာဖြစ်တယ်
- စွန့်လွှတ်အနစ်နာခံရမယ်၊ သီးခံစွမ်းရည်မြှင့်မားရမယ်၊ ဆွေးနွေးရှင်းပြနိုင်ရမယ်။
- ကိုယ်ကျင့်သီလတရားပြည့်ဝရမယ်။ လုပ်ရပ်နဲသက်သေပြရမယ်။ ဒါတွေဟာ ငါတို့ရဲ့
တာဝန်နဲဝတ္တရား၊လုပ်ငန်းစဉ်
နအဖ စစ်အာဏာရှင်လူတစ်စုဘာတွေလုပ်နိ
- ဖမ်းဆီးပိတ်ဆို့မယ်၊ ရိုက်နှက်ခြိမ်းချောက်မယ်၊ သတ်ဖြတ်ချေးမှုန်းမယ်၊
ဘယ်လောက်လုပ်နိုင်မလဲ? တချက်လောက် ခေါင်းအေးအေးထားပြီး စဉ်းစားကြည့်ကြပါ။
- ထောင်တွေပြည့်သွားမှာပေါ့ (ရဲရင့်သူ လူငယ် တစ်သောင်းလောက်ရန်ကုန်မှာ
လှုပ်ရှားပြီး၊ နိုင်ငံအ၀ှမ်း လူဦးရေ
ငါးသောင်းလောက်ပါဝင်တိုက်ပွဲဝင
- ဖိနှိပ်မှု လုပ်ဆောင်ပေးရမယ့် ၀န်ထမ်းတွေ၊ ပစ်ခတ်ရမယ့် စစ်သားတွေ၊
ဝိုင်းရိုက်ရမယ့် ကြံဖွတ်၊ စွမ်းအားရှင်၊ လှုံထိန်းတွေ၊
(အလုပ်မဆင်းခဲကြရင်၊ မိမိအိမ်မှာအကြောင်းပြချက်တစ်ခ
ခွင့်ယူထားကြရင်)
- အမိန့်ပေးမယ့် ထိပ်ဆုံးကလူတစ်ယောက်၊ပြီးတော့ ဗိုလ်ချုပ်၊ ဗိုလ်မှုး
တစ်ရာ၊ တစ်ထောင်နဲ့ (ထောင်၊သောင်း၊သိန်းချီနေတဲ့ လူထုကို)
ဘယ်လိုဖိနှိပ်နိုင်မှာလဲ?
- (ပစ်ခတ်လက်နက် ရှိယုံနဲ့ ကျည်မထွက်ပါဘူး) တပ်မတော်သားတွေဆုံးဖြတ်ရမယ့်
နောက်ဆုံးအချိန်ပါ။
တိုက်ပွဲအတွက်ခောက်အဆက်ဆက်ရင်းန
သောင်းချီနေပါပြီ၊ တကြီမ်တစ်ခါ ပြတ်ပြတ်သားသား
အရင်းအနှီးကြီးကြီးပေးရဲတယ်ဆိ
ရောက်မှာသေချာတယ်။ ပေးဖို့အစဉ်သင့်ပြင်ကြရမယ်။ အဓိကလိုအပ်တာက
မိမိတို့ရဲ့စိတ်ဓါတ်ပိုင်းဆိုင
အလုပ်ရှင်းရှင်း ဆောင်ရွက် နိုင်တယ်။ မိမိကိုယ့်ကို (ငါတို့ကိုယ်ငါတို့)
ယုံကြည်ဖို့လိုတယ်။ ရဲရင့်သူတွေအတွက် အောင်ပွဲရှိတယ်။ တိုက်ရဲသူတွေ အတွက်
ပန်းတိုင်ရှိတယ်။ သေသွားတဲ့ အာဇာနည်သူရဲကောင်းတွေအတွက် ဗီမှန်ရှိတယ်။
သွေး၊ချွေး၊ဘ၀ ပေးဆပ်စွန့်လွှတ်သူတွေ အတွက် သမိုင်းမှတ်တမ်းရှိတယ်၊
တိုင်းရင်းသား မိဘပြည်သူလူထုအတွက် အနာဂတ်မျှော်လင့်ချက်ရှိဖို့
ငါတို့ရဲဝင့်စွာ တော်လှန်ကြစို့!
ကိုညီ
တော်လှန်အင်အားစုများကိုယ်စား
ရန်ကုန်မြို့ ၊ မြန်မာနိုင်ငံ
0 comments:
Post a Comment